Welcome to VES Gems & Jewels
VES မှ ထုတ်လုပ်ရောင်းချပေးခဲ့သော လက်ဝတ်ရတနာများကို ဆယ်စုနှစ် (၃) ခုကျော်ထိ ယုံကြည်စိတ်ချစွာဖြင့် ယနေ့ထက်တိုင်အားပေးချီးမြှင့်နေကြသော မိတ်ကောင်းမိတ်သစ်များအားလုံးကို VES မိသားစုမှ အထူးကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အထူးသတင်းကောင်းပါးလိုပါသည်။
VES Brand
လက်ဝတ်ရတနာများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပန်းတိမ်
ပညာရှင်ကြီးများနှင့် မြန်မာလူငယ်များ ပူးပေါင်း၍ 1992 ခုနှစ်မှ စတင်ကာမြန်မာနိုင်ငံတွင် ပထမဆုံးစက်ပန်းတိမ်ကို
တည်ထောင်ထုတ်လုပ်ခဲ့သည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။
ဒါ့ပြင် VES ၏ အုပ်ချုပ်မှုတာဝန်ခံများ နှင့် ကျွမ်းကျင်ဝန်ထမ်းများသည် “Only the best ves’’ ဆိုသော slogan နှင့်အညီ နိုင်ငံတကာအသိအမှတ်ပြု မြန်မာ့လက်ဝတ်ရတနာများကို စဥ်ဆက်မပြတ်ထုတ်လုပ်ရောင်းချပေးနိုင်ရန်အတွက် ပိုမိုကောင်းမွန်သော နည်းပညာများ လျှင်မြန်ထိရောက်သောစနစ်များဖြင့် အဆင့်မြှင့်ပြီး မြန်မာ့လက်ဝတ်ရတနာလောကတွင် ထိပ်တန်းမှဂုဏ်ယူစွာဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးဇူးရှင်မိတ်ကောင်းမိတ်သစ်များအားလုံးကို ဝမ်းမြောက်ဖွယ်ရာသတင်းစကားပါးလိုက်ပါတယ်ရှင့်။